Events

ဆီထွက်သီးနှံဆိုင်ရာ လက်စွဲစာအုပ်ပေးအပ်ပွဲ၊ သုတေသနစာတမ်းဖတ်ပွဲနှင့် ပညာပေးဟောပြောပွဲကျင်းပ

Updated At: 2024-02-29 14:46:19

DSC_9808

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ “ဆီထွက်သီးနှံစိုက်ပျိုးသည်မှ ဝယ်ယူသိုလှောင်သည်အထိ တောင်သူ၊ ကုန်သည်နှင့် လုပ်ငန်းရှင်များလိုက်နာရမည့် အချက်အလက်များ” လက်စွဲစာအုပ်ပေးအပ်ပွဲ၊ သုတေသနစာတမ်းဖတ်ပွဲနှင့် ပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန ၂ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ဌာနဆိုင်ရာအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် အခြားဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ ပညာရှင်များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ၊ ဦးဆန်းလင်းနှင့် စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များ၊ နေပြည်တော်ကောင်စီနယ် မြေမှ နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင်များ၊ အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းအသင်းဝင်များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ၂ ပြည်ထောင်စု ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က အဖွင့်အမှာ စကားပြောကြားခဲ့ ပါသည်။ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ဆီထွက်သီးနှံလက်စွဲ စာအုပ်ပေးအပ်ပွဲ၊ သုတေသနစာတမ်းဖတ်ပွဲနှင့် ပညာပေးဟောပြောပွဲ ကျင်းပရသည့် အကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ အဆိုပါလက်စွဲစာအုပ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့ များအား ပေးအပ်ခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဆီသုံးစွဲမှုများလေ့လာခြင်းစာတမ်း၊ မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း ဆီစာသုံးမှုအခြေအနေသုတေသနတွေ့ရှိချက်အားဖတ်ကြားရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို စိုက်ပျိုးရေး ဦးစီးဌာနမှ ပညာရှင်တစ်ဦးကလည်းကောင်း၊ စားသုံးဆီကြိတ်ခွဲထုတ်လုပ်မှုအခြေအနေအား လေ့လာတင်ပြ ခြင်းနှင့် ခေတ်မီဆီကြိတ်ခွဲစက်များ၏ ဆောင်ရွက်နိုင်မှုအခြေအနေအား ရှင်းလင်းဆွေးနွေးခြင်းကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကလည်းကောင်း၊ စားသုံးဆီများနှင့် ဆီအရည်အသွေးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက လည်းကောင်း “စားသုံး ဆီနှင့် စားသုံးသူအခွင့်အရေး” အကြောင်းကို စားသုံးသူရေးရာဦးစီးဌာနကလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးမှုများအပေါ် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်း၍ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ညနေပိုင်းတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။